နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီး သွားရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီး သွားရောက်






MNP ၊ ဇူလိုင် ၂၄

နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူ အပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေများသို့ ယနေ့တွင် နေပြည်တော် ကောင်စီနယ်မြေနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှတစ်ဆင့် တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးရာ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားပြီး ရင်းရင်းနှီးနှီး ပို့ဆောင် နှုတ်ဆက်ကြသည်။


ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာ ကြိုဆိုခဲ့ကြကာ ချောင်းသာအပန်းဖြေဧည့်ရိပ်သာ တွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ဒေသထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။


အလားတူ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မြို့မိမြို့ဖများက သံတွဲလေဆိပ်တွင် အိုးစည်ဒိုးပတ်များ၊ ခရုကမာပုတီးများ ဖြင့် နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် တိုင်းမှူးက ငပလီမြို့ရှိ အပန်းဖြေစခန်း(လင်းသာ)၌ အရာရှိ၊ စစ်သည်များအား အမှာစကားပြောကြား၍ လက်ဆောင်ပစ္စည်း၊ ထောက်ပံ့ငွေများပေးအပ်ပြီး ဒေသထွက် စားသောက်ဖွယ်ရာများ ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကာ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကား ပြောကြားသည်။  ၎င်းနောက် ငပလီကမ်းခြေရှိ သဲသောင်ပြင်၌ ဘောလုံးအားကစားပွဲများကို ပျော်ရွှင်စွာကစားကြပြီး တိုင်းမှူးနှင့် တာဝန်ရှိသူများမှ ကြည့်ရှု အားပေးခဲ့ကြသည်။


အဆိုပါ သံတွဲမြို့နယ်၊ ငပလီကမ်းခြေသို့ အပန်းဖြေ လာရောက်ကြသည့် အရာရှိ၊ စစ်သည်များသည် အပန်းဖြေခရီးစဉ်တွင် ရွှေနံတော်ဘုရား၊ ရွှေအံတော်ဘုရား၊ ရွှေဆံတော်ဘုရား၊ မဒေးတောင်ဘုရားများသို့ သွားရောက် ဖူးမြော်ကြမည်ဖြစ်ပြီး ပုလဲကျွန်း၊ ငပလီဈေးနှင့် မြပတ္တမြားဥယျာဉ်များသို့ (၅)ရက်ကြာ လေ့လာရေးခရီးစဉ် အဖြစ် အပန်းဖြေလည်ပတ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)