ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုင်းတုံမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များနှင့် ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်




MNP ၊ ဇူလိုင် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ တောင်တန်းသာသနာပြု ကျောင်း ၂၅ ကျောင်းမှ ဆရာတော်၊ သံဃာတော်များအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံဆေးကုသရေး အဖွဲ့က ယနေ့တွင် ကျိုင်းတုံမြို့၊ ရပ်တော်မူထေရဝါဒဗုဒ္ဓ သာသနာပြု(ဗဟို)ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။


ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ဆရာတော်၊ သံဃာတော် ၆၈ ပါးအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ အရိုးအကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဓာတ်မှန်ရိုက်ကူးပေးခြင်း၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ဆရာတော်၊ သံဃာ တော်များ၏ တစ်ဦးချင်းရောဂါဖြစ်ပွားမှု အခြေအနေများအား မေးမြန်းလျှောက်ထားကာ ဆေးရုံတက်ရောက်ရန်လိုအပ်သော ဆရာတော်၊ သံဃာတော်များအား ကျိုင်းတုံမြို့ရှိ နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။


အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ဆင်သေကျေးရွာရှိ ဒေသခံ ပြည်သူ ၃၃၉ ဦးအား ဇူလိုင် ၂၃ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ၊ နယ်လှည့် ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရာ သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး  ထိုသို့ ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)