MNP ၊ ဇူလိုင် ၄
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် ပြည်သူများအား ဆေးဝါးနှင့် အခြခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မာန်အောင်မြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် ကျော်ကျော်ဦးက လမ်းညွှန်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ မုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ရာတွင် အဆင့်သုံးမျိုးခွဲခြား သတ်မှတ်ထားပါကြောင်း မာန်အောင်မြို့နယ်သည် ထိခိုက်ပျက်စီးမှု နည်းပါးသဖြင့် သာမန်အဆင့် ထောက်ပံ့ခြင်း ဖြစ်ပါကြောင်း၊ ထောက်ပံ့ပစ္စည်းများကို ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ အနေဖြင့် မုန်တိုင်းဒဏ် သင့်ပြည်သူများထံ လက်ဝယ်ရောက် ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗိုလ်မှူးချုပ်ကျော်ကျော်ဦးက မိုခါမုန်တိုင်းသင့်ပြည်သူများအား ထောက်ပံ့ပေးသည့် ဆေးဝါးများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောမင်းထံသို့ ပေးအပ်သည်။ ယင်းနောက်ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များက အခြေခံစားသောက်ကုန်ပစ္စည်းများကို ရပ်ကွက်/ကျေးရွာ(၃၃)အုပ်စုမှ အုပ် ချုပ်ရေးမှူးများအား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးများ စုစုပေါင်း ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment