MNP ၊ ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က တံတားမြို့၊ (၄)ရပ်ကွက်အတွင်းရှိ အ.မ.က (မူလွန်)ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်နှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က ကျောင်းသားလူငယ်များအနေဖြင့် ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများကို ဖတ်ရှုရန်လိုအပ်ကြောင်း၊ စာပေမှရရှိသော အသိအမြင်များကြောင့် သူတစ်ပါး၏ လိမ်လည်ဖြားယောင်းမှုကို မခံရကြောင်း၊ စာအုပ်စာပေများဖတ်ရှုခြင်းကြောင့် လူကုန်ကူးခံရခြင်းမှလွတ်ကင်းနိုင်ကြောင်း၊ လူကုန်ကူးမှုမခံရအောင်၊ စာများများဖတ်ခြင်းကြောင့် စာအုပ်စာပေသည် မိမိတို့၏မိတ်ဆွေစစ်များဖြစ်ကြောင်း၊ လူကုန်ကူးခံရခြင်းမှကာကွယ်နိုင်ရန် ဆောင်ရန်ရှောင်ရန်အချက်များကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ
https://t.me/MyanmarNationalPost
No comments:
Post a Comment