MNP ၊ ဇူလိုင် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ လောက်ကိုင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်လွင်၊ ဒု-လဝကမှူး ဦးမင်းကျော်ကိုနှင့် ဝန်ထမ်းများက (Biographic) အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ကိုးကန့်ဒေသဖွံ့ဖြိုးရေး အသင်းရုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများအလိုက် နိုင်ငံ့ဝန်ထမ်းများနှင့် ၎င်းတို့၏ အသက်(၁၀)နှစ်နှင့် အထက်မိသားစုဝင်များအား (Biometric) အချက်အလက်များ ကောက်ယူခြင်း နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင် ထည့်သွင်းသိမ်းဆည်းခြင်းများ ဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အတွင်းရေးမှူး ဦးမိုးဇော်လတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြကြောင်း သိရသည်။
(Biometric)အချက်အလက် စာရင်းကောက်ယူခြင်းလုပ်ငန်းများကို (၃)လကြာ နေ့စဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒု- လဝကမှူး ဦးမင်းကျော်ကိုထံမှ သိရသည်။
ညိုညိုဝင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment