MNP ၊ ဇူလိုင် ၄
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့ အမက ငပလီ မူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကိုယနေ့မွန်းလွဲ (၁၂း၃၀)နာရီအချိန်က ငပလီမြို့ အမကငပလီ မူလတန်းကျောင်းတွင်စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ မလာရောက်နိုင်သည့်စာဖတ်ဝါသနာရှင်ကျောင်းသားကျောင်းသူများအားအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိ စေရေး၊စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ပြီး ကလေးကြိုက်ရသစာအုပ်များ၊ပုံပြင်စာအုပ်များကိုဝန်ထမ်းများကပုံပြင်များဖတ်ပြခြင်း၊ကဗျာများဖတ်ပြခြင်းကိုဆောင်ရွက်ခဲ့ပီးစာအုပ်များကို နှစ်ပတ်ငှားစနစ်ဖြင့်ငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment