တရုတ်နိုင်ငံ၌ ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မော်တော်ယာဉ်များ ထုတ်လုပ်သည့် စက်ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတို့ကို သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်နိုင်ငံ၌ ရောက်ရှိနေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး မော်တော်ယာဉ်များ ထုတ်လုပ်သည့် စက်ရုံနှင့် နေရောင်ခြည်စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတို့ကို သွားရောက်လေ့လာ


MNP ၊ ဇူလိုင် ၄

China-ASEAN Forum on Emerging Industry သို့ တက် ရောက်ရန် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကွမ်တုံးပြည်နယ် ရှန်းကျန်း မြို့တွင် ရောက်ရှိနေသည့် စက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယမန်နေ့က BYD အမျိုးအစား လျှပ်စစ်အသုံးပြု မော်တော်ယာဉ်များ (EV) ထုတ် လုပ်လျက်ရှိသည့် စက်ရုံသို့ သွား ရောက်လေ့လာကြသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ အား အာရှပစိဖိတ်အရောင်းဌာန မန်နေဂျာ Ms. Gillian Li BIN မှ BYD မော်တော်ယာဉ်များ စတင် ထုတ်လုပ်ခဲ့သည့် အခြေအနေ၊ လက်ရှိလုပ်ငန်းလည်ပတ်ဆောင် ရွက်နေမှု၊ ဈေးကွက်ရရှိမှုနှင့် လျှပ်စစ်အသုံးပြု မော်တော်ယာဉ် (EV)များ ထုတ်လုပ်နေမှုအခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး BYD အမျိုးအစား မော်တော်ယာဉ်များ ထုတ်လုပ်နေမှု အခြေအနေကို လှည့်လည်ကြည့်ရှု လေ့လာသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ နှင့်အတူ နေရောင်ခြည် စွမ်းအင် သုံးပစ္စည်းများ ထုတ်လုပ်လျက် ရှိသည့် K Star စက်ရုံသို့ ရောက်ရှိ ကြရာ တာဝန်ရှိသူများက စက်ရုံ ဆိုင်ရာ အချက်အလက်များ၊ နေရောင်ခြည်စွမ်းအင်သုံး ပစ္စည်းများ ထုတ်လုပ်နေမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး နေရောင်ခြည် စွမ်းအင်သုံးပစ္စည်းများ ထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)