ပေါင်မြို့နယ်တွင် ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်းအသိပညာပေး ( Talk Show ) ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်းအသိပညာပေး ( Talk Show ) ပြုလုပ်


MNP ၊   ဇူလိုင် ၄

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင်  ရေသယံဇာတနှင့်ရေထုညစ်ညမ်းမှုအကြောင်း အသိပညာပေး ( Talk Show ) ပြုလုပ်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းကပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး က (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး  သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှုး ဒေါ်ချမ်းမြေ့မြတ်နိုး က ရေအရင်းအမြစ်အမျိုးအစားများအကြောင်း၊ရေ၏အရေးပါပုံများ၊ရေထုညစ်ညမ်းမှုကြောင့်ဖြစ်ပေါ်လာရတဲ့ဆိုးကျိုးများအကြောင်း၊ရေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့် 

ရေထုညစ်ညမ်းမှုကို လျော့ချနိုင်မည့်နည်းလမ်းများ စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ပါသည်။


ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများအသိပညာများတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ် ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)