ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ




MNP ၊ ဇူလိုင် ၁၈

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။


ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည်  ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဂုံးချွန်ကျေးရွာအုပ်စု၊ လယ်ဒါပြင်ကွင်း၊ ကွင်း အမှတ်(၄၅၁)၌ တောင်သူတစ်ဦး၏ လယ်မြေတွင် မိုးစပါးစိုက်ပျိုးရန် ကွင်းသရုပ် ပြပွဲကို သွားရောက်ကြည့်ရှုအားပေးပြီး အစိုးရရပ်ကွက်ရှိ မဟာသတိပဋ္ဌာန် မင်းဒွိန်တောရဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ သီလစာရ ထံ သွား ရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ မြို့ပေါ် ရပ်ကွက်များရှိ အသက် ၈၅ နှစ်အထက် အဘိုး၊ အဘွားများအား လူမှုရေးပင်စင်များ ကို အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။


အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည်  ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စုကွင်း (၂၇၀-E)၊ လက်ဝဲဒက်မြောက်ကွင်း ဦးပိုင်အမှတ်(၄၆)တို့၌ စုပေါင်းထွန်ယက်ပွဲကို ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ထို့အတူ သံတွဲမြို့သို့ရောက်ရှိနေသော ဗိုလ်ချုပ် စိုးနိုင်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ပြုလုပ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို တက်ရောက်အမှာစကားပြောကြားပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ် သက်၍ ဆွေးနွေးမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။


အလားတူ မာန်အောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခအုန်းမော်ကျေးရွာအုပ်စုနှင့် တောထူကျေးရွာ အုပ်စုတို့ရှိ အဘိုး၊ အဘွားများအား သက်ဆိုင်ရာနေရာများ၌ လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပြီး ခအုန်းမော်ရွာသစ်ကျေးရွာရှိ ကွင်းအမှတ်(၈၆၀)ရှိ ဒေသခံတောင်သူ တစ်ဦး၏ လယ်မြေတွင် ဆင်းသုခစပါးစိုက်ပျိုးနေမှုနှင့် ထွန်ယက် နေမှုများအား သွားရောက်ကြည့်ရှုသည်။ ယင်းနောက် တောထူကျေးရွာရှိ တောင်သူ လယ်သမားများနှင့် တွေ့ဆုံ၍ စပါးအထူး အထွက်နှုန်းတိုးရေးအတွက် လုပ်ဆောင် ရမည်များကို ဆွေးနွေးပြီး စပါးမျိုးစေ့ထုတ်ပျိုးခင်းအား သွားရောက်ကြည့်ရှုကာ အဆိုပါကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့ ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့အတူ မောင်တောမြို့သို့ရောက်ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်ရဲစခန်းအတွင်းရှိ နေအိမ်လိုင်းခန်းများ ၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး၊ နှိမ်နင်းရေး၊ ဖုံးသွန်လဲစစ်လုပ် ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ယင်းနောက် မြို့ဦးကျေးရွာအုပ်စု၊ ဇူလကျေး ရွာရှိ ကွင်းအမှတ်(၁၀၁/ဃ)ရှိ ဒေသခံတောင်သူများ၏ လယ်မြေ၌ မိုးစပါး ဆင်းသွယ်လတ်မျိုးစပါး ပျိုးထောင်ထားရှိမှုနှင့် ထွန်ယက်နေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)