MNP ၊ ဇူလိုင် ၁၈
၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) ၁/၂၀၂၃ နှင့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ၂/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော နိုင်ငံတစ်ဝှမ်းရှိ တည်ဆောက်ရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေး၊ နိုင်ငံတော်ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ အသုံးစရိတ်များ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်ရေး၊ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများပြန်လည်ပြုပြင်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေးတို့အတွက် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ယနေ့အစည်းအဝေးကို ကျင်းပခြင်း ဖြစ်ပါကြောင်း။
ခန့်မှန်းခြေစာရင်းများ တွက်ချက်ရာတွင် ကွဲလွဲချက်များ မရှိစေရေး သတ်မှတ်ချက်အတိုင်း မှန်မှန်ကန်ကန်ဖြစ်အောင် စိစစ်ခြင်းဖြစ်ကြောင်း၊ နည်းပညာပိုင်းနှင့် ဒီဇိုင်းပုံစံများ ဆောင်ရွက်ရာတွင် အကုန်အကျ သက်သာစေရန်နှင့် စံချိန်စံညွှန်းပြည့်မီအောင် ဆောင်ရွက်ရန်လိုကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများအရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်အချိန်မီပြီးစီးရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့(ငွေလုံးငွေရင်း) ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးရသုံး ခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ ဘဏ္ဍာရေး ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒများ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို ဆွေးနွေး ပြောကြားသည်။
ယင်းနောက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအတွင်းရေးမှူး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နှင့် ကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများမှ တာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ၏ အဓိကလုပ်ငန်းတာဝန် များကို တိတိကျကျ လိုက်နာရေး၊ မူဝါဒများနှင့်အညီ ဆောင်ရွက်ရေးတို့အတွက် လုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment