ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီး ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ ဖမ်းဆီးရမိ အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီး ချမှတ်


MNP ၊ ဇူလိုင် ၁၈

ပြည်ပြေး ဝရမ်းပြေး NUG အကြမ်းဖက်အဖွဲ့နှင့် ယင်းတို့၏ လက်ဝေခံ အကြမ်းဖက်လှုံ့ဆော်သူများသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အလုံးစုံပျက်သုဉ်းရေးကို ဦးတည်၍ နေ့စဉ် လှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိရာ ၎င်းတို့၏ လှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လှုပ်ရှားသူ၊ အကြမ်းဖက်လှုံ့ဆော်သူများထဲမှ ဖမ်းဆီးရမိထားသူများကို သက်ဆိုင်ရာ မြို့နယ်များတွင် ၁၇-၇-၂၀၂၃ ရက်နေ့ က ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

မုံရွာမြို့၊ မြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့် ပြည်သူလူထု အကြည်ညိုပျက်စေရန် လှုံ့ဆော်ထားသောစာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများအပေါ် အားပေးထောက်ခံမှုများအား  ရေးသားခြင်း၊ ပြန်လည်း မျှဝေထားခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ရန်နိုင်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ အလုံရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများ၊ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် နိုင်ငံတော် အကြည်ညိုပျက်စေရန် ရေးသားထားသော စာများအား ကိုယ်တိုင်ရေးသားခြင်းနှင့် ပြန်လည်းမျှဝေခြင်းများ၊ PDF အကြမ်းဖက်သမားများအတွက် ထောက်ပံ့ ငွေများ ကောက်ခံပေးခြင်း ဆောင်ရွက်ခဲ့သူ တရားခံ လမင်းထက် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့နယ်၊ ကံကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများနှင့် အချက်အလက်များအား အကြမ်းဖက်အဖွဲ့များထံ သတင်းပေးပို့ခြင်း၊ PDF အကြမ်းဖက်သမားများအတွက် ရိက္ခာဖိုး ငွေကြေးများအား မုံရွာမြို့၊ အလုံရပ်ကွက်တွင် နေထိုင်သူ လမင်းထက်အား ပေးပိုခဲ့ခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ဒေါ်သိန်းသိန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ မြို့ဦးရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လုံခြုံရေးအဖွဲဝင်များ၏ သွားလာလှုပ်ရှားမှုများအား စောင့်ကြည့် မှတ်တမ်းရယူ၍ PDF အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အားပေး မီဒီယာများသို့ ဖုန်းဖြင့် ဆက်သွယ်ပြေဆိုခြင်း၊အသံဖိုင် ပေးပိုခြင်းများ ပြုလုပ်ခဲ့သူ တရားခံ မွန်းခင်ခင်ခန့် အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး တရားမဝင်ဖွဲစည်းထားသည့် CRPH၊ NUG နှင့်PDF အကြမ်းဖက်အဖွဲ့များ၏ လုပ်ဆောင်မှုများကို အားပေး ကူညီထောက်ပဲ့ခြင်း၊ လုံခြုံရေးအဖွဲ့ဝင်များ၏ သွားလာလှုပ်ရှားမှုများကို စောင့်ကြည့်၍ အကြမ်းဖက်သမားများထံ သတင်းပေးခြင်း၊ ၎င်းတို့ ရောင်းချသော မဲလက်မှတ်များအား ဝယ်ယူခြင်းများ ဆောင်ရွက်ခဲ့သူ တရားခံ ရဲရင့်အောင် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ဆူပူဆန္ဒပြမှုများတွင် လိုက်ပါဆောင်ရွက်ခဲ့ခြင်း၊ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် PDF အကြမ်းဖက်အဖွဲ့များကို အားပေးထောက်ခံသည့်စာများ၊ CDM ဝန်ထမ်းများအား ထောက်ခံသည့် ဓါတ်ပုံများ၊ နိုင်ငံတော်အစိုးရအား သရော် သံချပ်ထိုးနေသည့်ပုံများအား ပြန်လည် ဖြန့်ဝေခြင်းများနှင့် လုံခြုံရေးအဖွဲ့များ၏ သွားလာလှုပ်ရှားမှု သတင်းအား အကြမ်းဖက်သမားများထံ ပေးပို့ခြင်းများ ပြုလုပ်ခဲ့သူ တရားခံ ဟန်နီချစ် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး PDF အကြမ်းဖက်သမားများနှင့် ဆက်သွယ်ချိတ်ဆက်မှုများ ဆောင်ရွက်လျက်ရှိခြင်း၊ PDF အကြမ်းဖက်သမားများနှင့် လူမှုကွန်ရက်စာမျက်နှာမှ အပြန်အလှန် ဆက်သွယ်မှုများရှိခြင်းနှင့် အကြမ်းဖက်သမားများ၏ သတင်းအား သိရှိသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သူ တရားခံ အောင်ဖြိုးဟိန်းအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၄)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၊ ကမ်းနားလမ်းတွင် နေထိုင်လျက်ရှိပြီး တရားမဝင်ဖွဲစည်းထားသော အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG ၏ စာသင်းကျောင်းတွင် သားသမီးအား ထားရှိသည့် အပြင် ၎င်းတို့ကျောင်းတွင် အသုံးပြုရန်  ဘာသာရပ်အလိုက် မေးခွန်များနှင့် စာအုပ်များအား CDM ကျောင်းဆရာတစ်ဦးနှင့် ဆက်သွယ်ကာ ကွန်ပျူတာဖြင့် ထုတ်ပေးခြင်းများဆောင်ရွက်ခဲ့သူ တရားခံ မမီးငယ်စိန်(ခ)မီးငယ် အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ကျောင်းဆရာမှ CDMပြုလုပ်ပြီး  တရားမဝင် ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲများဖြစ်သည့် NUG ၏ စာသင်းကျောင်းတွင် လုပ်ကိုင်ကာနေ၍ ၎င်းတို့ကျောင်းတွင် အသုံးပြုရန်  ဘာသာရပ်အလိုက် မေးခွန်များနှင့် စာအုပ်များအား ကွန်ပျူတာဖြင့် ထုတ်ပေးရန် မမီးငယ်စိန်(ခ)မီးငယ်နှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့သူ တရားခံ အောင်မျိုးဦး(ခ)ဖိုးထောင် အား အကြမ်းဖက် ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့် ထောင်ဒဏ်(၃)နှစ် ကျခံစေရန် ချမှတ်လိုက်ကြောင်း သိရသည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အနောက်အုပ်စု၏ ပံ့ပိုးမှုဖြင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေသော NUG, PDF အဖွဲ့များအား အသိအမှတ်မပြုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ်က ပြောကြားခဲ့သည်ကို ပြည်ပြေး ဝရမ်းပြေး ပြည်ဖျက်မိစ္ဆာ NUG အကြမ်းဖက်အဖွဲ့ က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသည်ကို အတည်မပြုနိုင်ကြောင်း လုပ်ကြံဖန်တီး ဖြန့်ဝေမှုများ ပြုလုပ်၍ အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်စေရန် လှုံ့ဆော်လျက်ရှိသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)