MNP ၊ ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင်၊ရွှေတောင်မြို့နယ် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့်အသားငါး၊စားအုန်းဆီ၊ဘဲဥ၊ ဟင်းသီးဟင်းရွက်များရောင်းချပေးရောင်းချပေးခဲ့ကြောင်းသိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ် စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးခင်ဇော်နှင့် ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာ တာဝန်ခံဦးအောင်နိုင်ဦးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးဝန်ထမ်းများ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊မြို့နယ်ပြန် / ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပူးပေါင်း၍ ယွန်းတန်းရပ်ကွက် မြို့မစျေးအနီးတွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများအား သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန် ဝက်သား( ၁) ပိဿာ ( ၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၅၀)ပိဿာ၊ အမဲသား ( ၁) ပိဿာ ( ၁၂၀၀၀ိ/-) ကျပ်နှုန်းဖြင့် ( ၂၅)ပိဿာ စားအုန်းဆီ( ၁) ပိဿာ ( ၄၈၀၀ိ/-) ကျပ်နှုန်းဖြင့် (၂ ၅၀)ပိဿာ၊ ဘဲဥ (၁)လုံး( ၃၀၀)ကျပ်နှုန်းဖြင့်လုံး ( ၂၀၀၀) လုံး၊ကန်စွန်းရွက် ( ၃)စီးလျှင် ( ၁၀၀) ကျပ်နှုန်းဖြင့် (၁၀၀)စီး၊ချည်ပေါင်ရွက်(၁)စီးလျှင် ( ၅၀) ကျပ်နှုန်းဖြင့် (၅၀)စီးတို့အားဖြန့်ဝေရောင်းချပေးခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment