သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်


MNP ၊   ဇူလိုင် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်(၁၁)နာရီက မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စာပေချစ်မြတ်နိုးသူများအသင်း (Book Club)နှင့်  အမျိုးသမီးအသင်း (Women Club) တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍  အသိပညာပေး ဆွေးနွေးပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက  အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မြပွင့်ဖြူက သဘာဝဘေးအမျိုး အစား၊ ဘေးအန္တရာယ်မကျရောက်မီ၊ ဘေးအန္တရာယ်ကျရောက်နေချိန်၊ ဘေးအန္တရာယ် ကျရောက်ပြီးချိန်များ၌ ဆောင်ရန်/ရှောင်ရန်များကို အသေးစိတ် အသိပညာပေး ဆွေးနွေးခဲ့ရာ ဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည့် အကြောင်းအရာများအား မေးမြန်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ အသိပညာပေး ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများ၊ စာပေဝါသနာရှင်များ၊ ဖွဲ့စည်းထားသော Club အသင်းအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)