MNP ၊ ဇူလိုင် ၂၃
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီး ဖြစ်သည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့သို့ ရောက်ရှိနေ သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်း များနှင့် နေအိမ်များ၌ ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဆရာ၊ ဆရာမ များအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေး ဟောပြောခြင်း ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသော ဗိုလ်ချုပ်အောင်မျိုးထွန်းသည် ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ တောင်ရင်းတန်းရပ်ကွက်ရှိ တောင်သူ တစ်ဦး၏ လယ်မြေ၌ ပြုလုပ်သော စူပါဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ် သုံးစွဲနည်းသရုပ်ပြပွဲ၊ မိုးစပါး GW – 11 စပါးပျိုးခင်းနှင့် ထွန်ယက် စိုက်ပျိုးမှုများကို သွားရောက်ကြည့်ရှုအားပေးပြီး တောင်သူများအား ဟင်းသီးဟင်းရွက်မျိုးစေ့များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#MyanmarNationalPost


No comments:
Post a Comment