ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား ၁၆၁၆ ကောင်အား ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျွဲ၊ နွား ၁၆၁၆ ကောင်အား ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေး အခမဲ့ ထိုးနှံပေး


MNP ၊   ဇူလိုင် ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မွေးမြူရေးနှင့်ကုသ‌ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျွဲ၊ နွား ၁၆၁၆ ကောင်အား  ခွာနာ၊ လျှာနာ‌ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးခြင်း၊ မွေးမြူသူများအား ခွာနာ၊ လျှာနာ‌ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဇွန်လ ၂၀  ရက်နေ့မှ ၂၉ ရက်နေ့အထိ  ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် CHAW သင်တန်းသား ၂၅ ယောက်ဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ၂၉ ရွာ၊ ရပ်ကွက် ၂ ရပ်ကွက်ရှိ ကျွဲ၊ နွား အကောင်ရေ ၁၆၁၆ ကောင်အား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခဲ့ပြီး၊ ရောဂါစစ်ဆေးရန်အတွက် ကျွဲ၊ နွားအကောင်ရေ ၁၂၀ ထံမှ သွေးများ ဖောက်ယူခဲ့ကာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြင့် ရောဂါဖြစ်ပွားမှုအား ကြိုတင်ကာကွယ်မည်ဖြစ်သည့်အပြင် ရောဂါ၏ ဆိုးကျိုးများဖြစ်သည့် ထုတ်လုပ်မှုကျဆင်းခြင်း၊ ခိုင်းကျွဲ၊ နွားများအား လယ်ယာလုပ်ငန်းခွင်တွင် ခိုင်းစေမှုလျော့နည်းခြင်းများကို ထိရောက်စွာ ကာကွယ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါက်တာတင်ထွန်းထံမှ သိရသည်။


အောင်မျိုးဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment