မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ




MNP ၊ ဇူလိုင် ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီခွဲက အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ Grade-9 ကျောင်းသား၊ ကျောင်းသူများမှ “ဘက်စုံပညာကိုရည် ရှေ့သို့လှမ်းချီ” တေးသီချင်း ဖြင့် အဆိုပါ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်သန်းသန်းဆွေက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားကာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းနွဲ့က ကျေးဇူး တင်စကားပြောကြားသည်။


ဆက်လက်၍ မိဘဆရာအသင်းဒုဥက္ကဋ္ဌ ဦးအောင်ဆန်းဦးက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက် ၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ကျောင်းကော်မတီဝင်များက လူရည်ချွန်ဆုများနှင့် ထွန်းချွန်ဆုများရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)