MNP ၊ ဇူလိုင် ၂၀
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေး ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့ နံနက် ပိုင်းက အမှတ် (၈) ရပ်ကွက်အတွင်း အဘိတ်ဆေးခတ်ခြင်း၊ ရေတွင်းရေကန်များစစ်ဆေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ခြင်း၊ သွေးလွန် -တုပ်ကွေးရောဂါ အသိပညာပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် သံတွဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ သံတွဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့နှင့် ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ သံတွဲမြို့ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများသည် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွါးလျှင် အသက်ဆုံးရှုံးနိုင်သည်အထိ ဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် အမှတ် (၈) ရပ်ကွက်အတွင်းရှိ လူနေအိမ်များတွင် ထားရှိသည့် ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဉ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ နေအိမ်များရှိ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ် များပြုလုပ်ပေးခြင်းနှင့် ရေတွင်းရေကန်များအား စစ်ဆေးခြင်းများ ဆောင်ရွက်ပြီး သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment