နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်း ပေါက်ဝကို PDF အကြမ်းဖက်သမား (၅) ဦးက လက်လုပ်အာပီဂျီများ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်း ပေါက်ဝကို PDF အကြမ်းဖက်သမား (၅) ဦးက လက်လုပ်အာပီဂျီများ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်







နေပြည်တော်၊ ဇူလိုင် ၂၀


စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ နည်းပညာတက္ကသိုလ်(မုံရွာ) ကျောင်းပေါက်ဝကို PDF အကြမ်းဖက်အဖွဲ့ဝင် (၅) ဦးက လက်လုပ်အာပီဂျီများ၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း ယမန်နေ့ နံနက် (၁၁) နာရီ (၄၀) မိနစ်ခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်သွားကြောင်း သိရသည်။


PDF အကြမ်းဖက်မသား (၅) ဦးသည် နည်းပညာတက္ကသိုလ် (မုံရွာ) ကျောင်းပေါက်ဝကို လက်လုပ်အာပီဂျီဖြင့် (၂) ချက်၊ လက်နက်ငယ် အတွဲလိုက် အချက် (၂၀) ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်စဉ်တွင် ကျောင်းပေါက်ဝ၌ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ပူးပေါင်းလုံခြုံရေးတပ်ဖွဲ့ ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အဖွဲ့ဝင်များသည် မြောက်အရပ်ရှိ မိုးညှင်းသမ္ဗုဒ္ဓေဘုရားဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။


PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်ခဲ့မှုကြောင့် နည်းပညာတက္ကသိုလ် ကျောင်းရှေ့မျက်နှာစာ လှေကားအား အာပီဂျီ ထိမှန်ခဲ့သော်လည်း လူထိခိုက်မှု တစ်စုံတစ်ရာမရှိကြောင်း သိရသည်။


နည်းပညာတက္ကသိုလ် (မုံရွာ) အား ဇွန်လ ၁ ရက်နေ့တွင် စတင်၍ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ (၁၅၀) ဦးခန့် တက်ရောက်ပညာသင်ကြားနေကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)