ပေါင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ် သမဝါယမအသင်းစု လီမိတက်၏ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဆုပေးပွဲ အခမ်းအနားကျင်းပ







MNP ၊ ဇူလိုင် ၂၇      

မွန်ပြည်နယ်၊ ပေါင်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏(၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဆုပေးပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက မြို့နယ်သမဝါယမအသင်းစု အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် အသင်း နာယက ဦးမြင့်အောင် ကအလုပ်ဆိုတာ ဘယ်အရာမဆို စေတနာထားပြီးအလုပ်  လုပ်ကိုင်လျင် ထိရောက်အောင်မြင်နိုင်ကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် မွန်ပြည်နယ်သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးသန်းနိုင် က ယခုဆိုလျင်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးလုပ်ငန်းတွေလုပ်နေသည့် ကျေးရွာများတွင် သမဝါယမ အသင်းသစ်ခွဲများ ဖွဲ့စည်း၍ ကန်ထရိုက် လယ်ယာစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး စီစဥ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ဆက်လက်၍ အသင်းစု မှ ဦး‌အေးမင်း က မြို့နယ်အကျိူးတူ၊ ပေါင်မြို့နယ်အသင်းစု BOD အဖွဲ့သည် မွန်ပြည်နယ်မှာထက်မြက်တဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကြိုးစားမှုတွေကိုဆက်လက်ထိန်းသိမ်းပြီး လိုအပ်တာတွေကို ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်းဆွေးနွေးတင်ပြသည်။


ထို့အပြင် အသင်းသားများ၏ သားသမီးများအား (၂၀၂၂-၂၀၂၃) ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်

သူများနှင့် ဂုဏ်ထူးရရှိသည့်ကျောင်းသား/သူ များအား တာဝန်ရှိသူများကဂုဏ်ပြုဆုများ ချီးမြှင့်ပေးကြပြီးဒုတိယပိုင်းအနေဖြင့်အသင်းသားများဆက်လက်၍ နှစ်ပတ်လည်အစည်းအဝေးကျင်းပ ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)