MNP ၊ ဇူလိုင် ၂၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း(၃၂၈)ကျောင်းတွင် ဝါဆိုဝါကပ် တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာသီတင်းသုံးနေထိုင်နိုင်ရေး အတွက် ဝါဆိုသင်္ကန်း ကပ်လှူခြင်း နှင့်ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်း များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၂၇) ရက်နေ့မှစတင်က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊တပ်မတော်သားများ၊ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်၊ကျေးအုပ်ချုပ်ရေးအဖွဲ့များ နှင့် ဒေသခံပြည်သူများမှပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့သွားရောက်ကာ ဝါဆို သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့်ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း/ အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်း ၊ခြုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းနှင့် စေတီပုထိုးများရောင်တော်ဖွင့်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment