မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနား တက်ရောက်







MNP ၊ ဇူလိုင် ၂၇      

မွန်ပြည်နယ်၊ မော်လမြိုင်တွင် (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၂၆ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဆေးရုံကြီးများမှ တာဝန်ရှိသူများ၊ မြန်မာအသည်းဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ သင်တန်းသား/ သူများ  တက်ရောက်ခဲ့သည်။


ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုအတွက် အဆင့်အတန်း မီသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာမှာ ရောဂါရှာဖွေရေး၊ ကုသရေးနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းစဉ်၌ အရည်အသွေး ပြည့်ဝသော ဓါတ်ခွဲကျွမ်းကျင်ပညာရှင်များကို စနစ်တကျ အဆင့်မီမီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူမောင်မယ်တွေဟာ သင်တန်းကာလ (၈)လတာကို ပြီးဆုံးအောင်မြင်အောင် ကြိုးစားသင်ယူပြီး နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ ပြည်သူလူထုအကျိုးကို ထမ်းဆောင်နိုင်သော၊ တာဝန်ကျေပြွန်သော၊ လုပ်ငန်းကျွမ်းကျင်သော၊ ပြည်သူလူထုကို ကောင်းမွန်စွာ စောင့်ရှောက်မှုပေးနိုင်သော၊ ဓါတ်ခွဲကျွမ်းကျင်ဝန်ထမ်းများ ဖြစ်ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါကြောင်း၊ ၂၀၂၃-ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့မှာ ကျရောက်မည့် “WORLD HEPATITIS DAY” ကို ကမ္ဘာ့အသည်းရောင်ရောဂါနေ့အဖြစ် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO)မှ သတ်မှတ်ပြီး၊ မြန်မာနိုင်ငံတွင် အဖြစ်အများဆုံးသော ရောဂါ(၁၀)မျိုးတွင် နံပါတ် (၆) နေရာတွင်ရှိနေတာကို သိရှိရပါကြောင်း၊ အသက်အုပ်စုကိုကြည့်လျှင်လည်း အသက်(၃၀)နှင့် (၅၉)နှစ်ကြားတွင် အဖြစ်များကြောင်း သုတေသနပြုချက်အရ မွန်ပြည်နယ်ဟာ အသည်းရောင် (B)ပိုးနှင့်(C)ပိုး အများဆုံး ဖြစ်ပွားနေသော ပြည်နယ်တစ်ခု သိရှိရပါကြောင်း၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနှင့် ဌာနဆိုင်ရာအသီးသီးမှ အသည်းရောင်(B)ပိုး ကာကွယ်ဆေးထိုးလုပ်ငန်းများ တိုးချဲ့ခြင်း၊ ရောဂါရှိသူများကို ရှာဖွေဖော်ထုတ်ပြီး ကုသမှု ပေးခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပြီး အသည်းရောင်အသားဝါပိုးများကြောင့်ဖြစ်စေသော သေဆုံးမှု၊ နာမကျန်းမှုများကို လျော့ချနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွားကြရန် တိုက်တွန်း ပြောကြားသည်။


ထို့နောက် အဂ္ဂမဟာသီရိသုဓမ္မ မဏိဇောတဓရ ဦးလှထွန်းမှ မြန်မာအသည်းဖောင်ဒေး ရှင်း(မော်လမြိုင်အသင်း)သို့ ငွေကျပ်သိန်း(၈၀)လှူဒါန်းမှု အပေါ် ပြည်နယ် ဝန်ကြီးချုပ်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ်က ဓါတ်ခွဲ သင်တန်းသား/ သူများ ကိုယ်စား သင်တန်းသား တစ်ဦးအား ပေးအပ်ခဲ့သည်။


ယင်းနောက် မြန်မာအသည်းဖောင်ဒေးရှင်း (မော်လမြိုင်အသင်း)ဥက္ကဋ္ဌ ဒေါက်တာဉာဏ်ဇော် မှ WORLD HEPATITIS DAY နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော သူနာပြု သင်တန်းသား/ သူများအား အသည်းရောင်အသားဝါ (B)/(C)ပိုး ရှိ/ မရှိ သွေးဖောက် စစ်ဆေး ခြင်းနှင့် အသည်းရောင်အသားဝါ(B)ပိုး ကာကွယ်ဆေးထိုးနှံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)