ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်း



MNP ၊ ဇူလိုင် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာနေပြည်သူများ၏ လယ်ယာ၊ ခြံမြေများတွင် စိုက်ပျိုးထားသည့် စားဖိုဆောင်သီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စီးပွားဖြစ်စိုက်ပျိုးရောင်းချနိုင်သည်အထိ စိုက်ပျိုးထားကြောင်းသိရသည်။


" ဦးလေးတို့ လယ်ယာမြေမှာ ဒီနှစ်စားဖို့ဆောင်သီးနှံများအနေနဲ့ ခရမ်းချဉ်သီး၊ ဘူးသီး၊ ငရုပ်သီး၊ ခရမ်းသီးမျိုးစုံ၊ ဆလပ်၊ ပြောင်းဖူး၊ ပဲတောင့်ရှည် စတဲ့သီးနှံပင်တွေ စိုက်ပျိုးထားပါတယ်၊ ပြောင်းဖူးကတော့ စိုက်ပျိုးလာတာကြာပြီ စစိုက်တုန်းကတော့ အိမ်စားဖို့လောက်ကစစိုက်တာ ခုတော့ စီးပွားဖြစ်စိုက်ပျိုးနိုင်လာတယ် နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံးစိုက်တယ်၊ ရေကတော့မြေအောက်ရေ၊ မိုးရေတို့နဲ့ပေါ့ နွေရာသီ နွေစပါးရေလွှတ်ချိန်မှာတော့ ချောင်းရေကိုအသုံးပြုလို့ရပါတယ် " ဟု လေးကြီးကျေးရွာမှသီးနှံစုံစိုက်ပျိုးသူ ဦးကြည်သန်းက ပြောသည်။


ပြောင်းဖူးစိုက်ပျိုးထားရာမှာ နောက် ၁၀ ရက်‌ နေရင်‌ ရောင်းချနိုင်ပြီး စိုက်ပျိုးရာမှာ စတင်ချိန်မှ  ရောင်းချချိန်အထိ ၃ လထိကြာမြင့်ကြောင်းနှင့် တစ်နှစ်ကို သုံးကြိမ်စိုက်ပျိုးကြကြောင်း၊ ရောင်းချချိန်မှာတော့ ၁၀ ဖူးကို  ကျပ် ၁၅၀၀ မှ ၂၀၀၀ ထိ ဈေးရရှိတယ်လို့ အဆိုပါတောင်သူမှ ဆက်လက်ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ တောင်သူအများစုမှာ စပါးသီးနှံ၊ ပဲမျိုးစုံနှင့် နှမ်း၊ နေကြာတို့ကို အများဆုံးစိုက်ပျိုးကြပြီး စားဖိုဆောင်သီးနှံမျိုးစုံ စိုက်ပျိုးသည့် တောင်သူများလည်း အများအပြားရှိကြောင်းသိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)