မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ တက်ရောက်





MNP ၊ ဇူလိုင် ၁၉

မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတထိန်းသိန်းခြင်းကို စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးမျိုးပြုန်းတီမှု မဖြစ်စေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ စဉ်ဆက်မပြတ် တည်ရှိစေရန်၊ ငါးထုတ်လုပ်မှုတိုးတက်လာစေရန်နှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်အတွက် ဒေသနှင့် ကိုက်ညီသည့် ငါးမျိုးများအား  တိုင်းဒေသကြီးအတွင်း ခရိုင်၊ မြို့နယ်များရှိ ဧရာဝတီမြစ်၊ ချောင်းနှင့် ဆည်တမံများအတွင်းသို့ ငါးမျိုးများစိုက်ထည့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က မကွေးမြို့ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်အနီး ဧရာဝတီမြစ်ကမ်းစပ်၌ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်၍ ဧရာဝတီ မြစ်အတွင်း ကြီးထွားမှုနှုန်း မြန်ဆန်သည့် ငါးသားပေါက်များဖြစ်သည့် ထိုင်းငါးခုံးမကြီး အကောင်ရေ (၃)သိန်း၊ ငါးမြစ်ချင်း အကောင်ရေ(၁)သိန်း၊ ရွှေဝါငါးကြင်း အကောင်ရေ(၁)သိန်း စုစုပေါင်း ငါးမျိုး အကောင်ရေ(၅)သိန်းကို စိုက်ထည့်ခဲ့ကြသည်။


ငါးမျိုးစိုက်ထည့်ခြင်းကို မကွေးတိုင်းဒေသကြီး ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွတ်ကဲရေး ကော်မတီဝင်များ၊ မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်စခန်းငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများ စုပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး၊      အဆိုပါ ငါးသားပေါက်များကို ပွင့်ဖြူ ငါးလုပ်ငန်းစခန်းမှ မျိုးငါး သားပေါက်ကောင်ရေ(၃)သိန်းနှင့် တောင်တွင်းကြီး ငါးလုပ်ငန်းစခန်းမှ မျိုးငါးသားပေါက် ကောင်ရေ (၂)သိန်း သားဖောက် ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် တိုင်းဒေသကြီးအတွင်း ဖမ်းဆီး စားသုံး ခြင်းမှ ကုန်ဆုံးသွားသော ငါးများအား ပြန်လည်အစားထိုးရန် ရည်ရွယ်၍ စိုက်ထည့်ခြင်း ဖြစ်ကြောင်း၊ ငါးသယံဇာတတိုးပွားရေးအတွက် ငါးလုပ်ငန်းလုပ်ကိုင်သူများအား အသိပညာပေး ဟောပြောခြင်း၊ ငါးမျိုး ရေရှည် စဉ်ဆက်မပြတ် ဖွံဖြိုးတိုးတက်စေရန် တောင်တွင်းကြီး မြို့နယ်နှင့် ပွင့်ဖြူမြို့နယ်တို့တွင် ငါးသားပေါက်စခန်းဖွင့်လှစ်ပြီး ဆောင်ရွက်ပေးခြင်း၊ ငါးရိက္ခာ ဖူလုံစေရန်၊ ငါးလုပ်ငန်းကို အခြေခံ၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ဆည်၊ ကန်များနှင့် မြစ်၊ ချောင်းများ အတွင်း နှစ်စဉ် ငါးမျိုးများ စိုက်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်တွင် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မကွေး၊ ပခုက္ကူ၊ သရက်၊ တောင်တွင်းကြီးမြို့များတွင် ငါးမျိုးစိုက်ထည့် သွားမှာဖြစ်ပြီး၊ မြစ်၊ ချောင်း၊ အင်းအိုင်း များစိုက်ထည့်ပြီးပါက ဆည်၊ တမန်များအတွင်းသို့ ငါးမျိုးစိုက်ကောင်ရေ စုစုပေါင်း(၂၈)သိန်း စိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ မကွေးတိုင်းဒေသ ကြီးငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်မေသန္တာဝင့်ထံမှ သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)