ရုရှား-ယူကရိန်း ပဋိပက္ခကို ၂၄ နာရီအတွင်း ပြေငြိမ်းအောင် ဆောင်ရွက်နိုင်သည်ဟု သမ္မတဟောင်း ထရမ့်ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှား-ယူကရိန်း ပဋိပက္ခကို ၂၄ နာရီအတွင်း ပြေငြိမ်းအောင် ဆောင်ရွက်နိုင်သည်ဟု သမ္မတဟောင်း ထရမ့်ပြောကြား


နယူးယော့ခ်၊ ဇူလိုင် ၁၉

အမေရိကန်သမ္မတဟောင်း Donald Trump က ရုရှားနှင့် ယူကရိန်းအကျပ်အတည်းကို ပြေလည်အောင် စည်းရုံးနိုင်သည်ဟု Fox News သို့ ပြောကြားခဲ့သည်။

"မင်းတို့သိတဲ့အတိုင်းပဲ ငါ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆက်ဆံရေးကောင်းတယ်။ ပူတင်ကို အဆုံးသတ်ဖို့ ငါပြောမယ်။ ယူကရိန်းသမ္မတ ဇလန်းစကီးကိုလည်း အဆုံးသတ်ဖို့ ငါပြောမယ်" ဟု Trump က အင်္ဂါနေ့တွင် ပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းအကျပ်အတည်းအပေါ် သူ့ရဲ့တုံ့ပြန်မှုကို အသေးစိတ်ပြောပြခဲ့သည်။

"မင်း ပိုက်ဆံကုန်တော့မယ့် တစ်ယောက်ကို ငါပြောမယ်၊ တခြားတစ်ယောက်ကို မင်းမှာ ပိုက်ဆံမရှိဘူးလို့ ငါပြောမယ်။ ၂၄ နာရီအတွင်း ပြေလည်မှုရမှာပါ" ဟု ရီပတ်ဘလီကန်အမတ် ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။

ယခင်ကလည်း ထရမ့်သည် ယူကရိန်းတွင် ၂၄ နာရီအတွင်း ငြိမ်းချမ်းရေးအတွက် အကျိုးဆောင်ပေးမည်ဟု အကြိမ်ကြိမ်ပြောခဲ့သော်လည်း ပဋိပက္ခအဆုံးသတ်ပုံကို အတိအကျ မရှင်းပြခဲ့ဖူးပေ။ 


Ref - TASS

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)