ရွှေတောင်မြို့နယ် ၊အခြေခံပညာ အထက်တန်း ကျောင်း (ကြာနီကန်)၌ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် ၊အခြေခံပညာ အထက်တန်း ကျောင်း (ကြာနီကန်)၌ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ






MNP ၊ ဇူလိုင် ၂၀

ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အတွင်းရှိ အထက( ကြာနီကန်) အခြေခံပညာကျောင်းတွင်Kindergarten စတင်တက်ရောက်နေသောအသက် ( ၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား / ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။


အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာ ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြ‌ေအးနှင့်အဖွဲ့ဝင်များသွားရောက်၍လိုအပ်သည်များကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။


ရွှေတောင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများနှင့်ပုဂ္ဂလိကကျောင်းတွင် အသက် ( ၁၂) နှစ်မှ အသက် ( ၁၈) နှစ်အတွင်းရှိအခြေခံပညာကျောင်းသား / ကျောင်းသူများအား ကိုဗစ် - ၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေး(ဒုတိယ အကြိမ်) စတင်ထိုးနှံခြင်း၊၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက်Kindergarten စတင်တက်ရောက်နေသောအသက် ( ၅) နှစ် ပြည့်ပြီးသည့် ကျောင်းသား / ကျောင်းသူများအားက်ိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ကိုကို မင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)