နမ္မတူတွင် “ရွှေ” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူတွင် “ရွှေ” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမိတက်၏ ၂၀၂၁-၂၀၂၂ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပပြုလုပ်



MNP ၊ ဇူလိုင် ၂၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် “ရွှေ” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းလီမီတက်၏ ၂၀၂၁-၂၀၂၂ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က အဆိုပါအသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးတွင် ရှေ့ဦးစွာ “ရွှေ” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း  သမဝါယမ အသင်းလီမိတက်ဥက္ကဋ္ဌ သဘာပတိကြီး ဦးရီထွမ်းက အဖွင့်အမှာစကားပြောကြားပြီး နမ္မတူမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီထွန်းက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။


ဆက်လက်၍ အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်များနှင့် အသင်းစာရင်းစစ်တို့က ၂၀၂၁-၂၀၂၂ ခုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာအား လည်းကောင်း၊ အရှုံးအမြတ်စာရင်း၊ လက်ကျန်ရှင်းတမ်းစာရင်းအားလည်းကောင်း၊ အမြတ်ခွဲဝေ စာရင်းနှင့် အသင်း၏ ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်အတွက် ရှေ့လုပ်ငန်းစဉ်များအား လည်းကောင်း၊ ၂၀၂၁-၂၀၂၂ခုနှင့် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ်၏ အသင်းစာရင်းစစ် အစီရင်ခံစာအားလည်းကောင်း အသင်းတာဝန်ရှိသူများက အသီးသီးဖတ်ကြားတင်သွင်းခဲ့ရာ သဘာပတိကြီးမှ အတည်ပြုချက် ရယူခဲ့သည်။


အစည်းအဝေးသို့ ဌာနဆိုင်ရာဝန်ထမ်ထမ်းများ၊ အသင်းသူအသင်းသားများ ၅၀ ခန့် တက်ရောက်ခဲ့ ကြောင်း “ရွှေ” စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း  သမဝါယမအသင်း လီမိတက်ဥက္ကဋ္ဌ  ဦးရီထွမ်းထံက သိရသည်။


လူမော်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)