ရေနံချောင်းမြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေနံချောင်းမြို့နယ်၌ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းပေးအပ်



MNP ၊ ဇူလိုင် ၁၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် အာမခံအလုပ်သမားတစ်ဦး၏ လုပ်ငန်း ခွင်ထိခိုက်ဒဏ်ရာရသေဆုံးမှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးတွင်ပြုလုပ်သည်။


ရှေးဦးစွာ မကွေးတိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြတ်မြတ်ဦးက ၂၀၁၂ ခုနှစ် လူမှု ဖူလုံရေးဥပဒေပါအကြောင်းအရာများနှင့် အာမခံအလုပ်သမားတစ်ဦး၏ အကျိုးခံစားခွင့်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လူမှုဖူလုံရေးတာဝန်ခံအရာရှိက ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးခွဲတွင် အကျုံးဝင်မှတ်ပုံတင် ထားသည့် Gold Petrol ကုမ္ပဏီမှ အာမခံအလုပ်သမား ဦးအောင်ကျော်ကျော်သည် အလုပ်တွင် ထိခိုက်မှုကြောင့် သေဆုံးခဲ့သည့်အတွက် ကျန်ရစ်သူ အကျိုးခံ စားခွင့် ငွေလုံးငွေရင်း ၈၃၂၃၆၅၀ ကျပ်တိတိကို ၎င်း၏ဇနီးဖြစ်သူ ဒေါ်သင်းထက်ထက်စံထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုဖူလုံးရေးရုံးနှင့် ဆက်စပ်ဌာနများ၊ Gold Petrol ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ကာယကံရှင်၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)