ပဲခူးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂ဝ၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂ဝ၂၃ ခုနှစ်၊ (၇၆) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲကျင်းပ





MNP ၊ ဇူလိုင် ၁၂

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ပြီး မြန်မာစာစွမ်းရည် တိုးတက်မြင့်မားလာစေရေးရည်ရွယ်၍ ဇူလိုင်လ(၁၉)ရက်နေ့တွင်ရောက်ရှိမည့်(၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ စာစီစာကုံး၊ ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်ကြည်ကြည်ဝင်းက အဖွင့် အမှာစကား ပြောကြားခဲ့ပြီး အလယ် တန်းပြဆရာမ ဒေါ်တင်တင်သော်က အာဇာနည်နေ့ ပေါ်ပေါက်လာပုံဖြစ်စဉ် သမိုင်းအကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကိုယ်ရေးအထ္ထုပ္ပတ္တိများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။ 


ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို အထက်တန်းအဆင့်စာစီစာကုံး ပြိုင်ပွဲတွင်"လေးမြတ်ဂုဏ်ရည်အာဇာနည်"၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် "မမေ့စဉ်လာ အာဇာနည်နေ့အချိန်အခါ"၊ မူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် "တို့များမမေ့နိုင် ၁၉ ဇူလိုင်" ခေါင်းစဉ်တို့ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲတွင် "သမိုင်း မော်ကွန်းတည် ကိုးဦးအာဇာနည်"၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲတွင်"အာဇာနည်မြတ် မမေ့အပ်"ခေါင်းစဉ်တို့ဖြင့် လည်းကောင်း၊ အထက်တန်းအဆင့် ဆောင်းပါးပြိုင်ပွဲတွင် "အာဇာနည်နေ့နှင့် အမျိုးသားရေးတာဝန်" ခေါင်းစဉ်တို့ဖြင့် ကျောင်းသား၊ ကျောင်းသူ(၅၀)ဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)