ရခိုင်ပြည်နယ် မောင်တောမြို့၌ ဘင်္ဂလားဒေ့ရှ်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များက စုပေါင်းသန့်ရှင်းရေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဘင်္ဂလားဒေ့ရှ်ဘုန်းတော်ကြီးကျောင်းတိုက်တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်း များက စုပေါင်းသန့်ရှင်းရေးပြုလုပ်






MNP ၊ ဇူလိုင် ၂၉     

ရခိုင်ပြည်နယ် မောင်တောခရိုင် ၊ မောင်တောမြို့၌ ဘင်္ဂလားဒေ့ရှ်ဘုန်းတော်ကြီးကျောင်းတိုက်တွင်  ခရိုင် /မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ယနေ့ နံနက်ပိုင်းက စုပေါင်း သန့်ရှင်းရေး ပြုလုပ် ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကံထွန်းအောင် နှင့် တာဝန် ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီ ဆောင်ရွက် ပေးခဲ့ ကြသည်။ 


ထိုသို့စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများစုပေါင်း၍ ဘင်္ဂလားဒေ့ရှ်ဘုန်းတော်ကြီးကျောင်းတိုက်ခြံဝင်း အတွင်းအပြင်ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား သန့်ရှင်းသာယာ လှပ စေရေး အတွက် ခုတ်ထွင်ရှင်းလင်းခြင်း ၊ ရေမြောင်းများရှိ အမှိုက်သရိုက်များအား ဆယ်ယူခြင်း ၊ ဘုရားစေတီအနီးအနားရှိ  အမှိုက်သရိုက်များကို ကောက်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြပြီး စည်ပင်သာယာရေးအဖွဲ့က အမှိုက်သိမ်းကားဖြင့်  သိမ်းယူ ကာ သတ်မှတ် နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင် ရွက်ခဲ့ ကြောင်း သိရ သည်။  


သက်လွင်စိုး၊ အောင်ကျော်စိန်  

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)