MNP ၊ ဇူလိုင် ၂၉
ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ရသေ့တောင် မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(အထက-၁)၌ကျင်းပသည်။
အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသောဗိုလ်ချုပ် အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များ၊မြို့နယ်ကြက်ခြေနီအသင်းအဖွဲ့များ၊မြို့နယ်အမျိုးသမီးရေးရာ၊မိခင်ကလေးအဖွဲ့ များတက်ရောက်ကြသည်။
ဦးစွာ ဗိုလ်ချုပ် အောင်မျိုးထွန်းကမိုးရာသီသစ်ပင်စိုက်ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး၊ပျိုးပင်များကိုပေးအပ်ရာ(အထက-၁)ကျောင်းအုပ်ဆရာကြီးဦးမောင်စံသိန်းကလက်ခံရယူသည်။
ဆက်လက်ပြီး မြို့နယ်သစ်တောဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့မှဝန်ထမ်းများက ပျိုးပင်စိုက်ပျိုးနည်းနှင့်မြေဩစာသုံးစွဲနည်းများအားသရုပ်ပြကြပြီး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များ ၊ဌာနဆိုင်ရာများက၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အထိမ်းအမှတ်အဖြစ် သတ်မှတ်နေရာများ၌ ပျိုးပင်များကို ဦးဆောင်စိုက်ပျိုးပေးကြသည်။
ထို့နောက် ဗိုလ်ချုပ်အောင်မျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦနိုင်လင်းထက်တို့က ဌာနဆိုင်ရာ ဝန်ထမ်းများ၊မြို့နယ်အမျိုးသမီးရေးရာ နှင့်မိခင်ကလေးအဖွဲ့က သတ်မှတ်နေရာများတွင် ပျိုးပင်များကို တပျော်တပါး စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးကြသည်။
ယနေ့ အခမ်းအနားတွင် မန်ဂျန်ရှား ၃၀၀ပင်နှင့်ယူကလစ် ၂၀၀ပင် စုစုပေါင်းပျိုးပင် ၅၀၀ပင် စိုက်ပျိုးခဲ့ကြကြောင်းသိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment