ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင်မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့်စာဖတ်ဝိုင်းပြုလုပ်





MNP ၊ ဇူလိုင် ၂၅      

မွန်ပြည်နယ်၊‌ပေါင်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်သူများအသင်း(Book Club)တို့ ပူးပေါင်း၍မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့်"အမွေခံသူတစ်ယောက်အမွေပေးသူတစ်ရာ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နေ့လယ်(၁၂)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပပြုလုပ်ခဲ့သည်။


စာဖတ်ဝိုင်းတွင် စာပေချစ်သူများအသင်းအဖွဲ့ဝင် ဦးကိုကိုက အမှာစကားပြောကြားပြီးမြို့နယ်ဦးစီးအရာရှိဒေါ်တင်ဇာစိုး ကစာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် စာပေချစ်သူများအသင်းအဖွဲ့ဝင်ဦးလင်းလင်း ကအဆိုပါစာအုပ်မှ  အမွေခံတစ်ယောက် အမွေပေးသူတစ်ရာနှင့် ပညာရေးတက္ကသိုလ်၏ တစ်ထောင့်တစ်နေရာမှာ

ကိုလည်းကောင်း၊အဖွဲ့ဝင် ဦးသားကြီးက သူတို့ပြောတဲ့မြန်မာအကြောင်း နှင့် စာသင်ရာမှာရယ်မောစရာ ခေါင်းစဉ်များကိုလည်းကောင်း၊အဖွဲ့ဝင် ဒေါ်စန်းစန်းမူ က ပညာတတ်ဖို့ စာဖတ်ရမည်နှင့်လူငယ်များအတွက် ဇာတကာ ခေါင်းစဉ်တို့ ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြ သူများက သိလိုသည်များကို‌ပြန်လည်မေးမြန်းခဲ့ကြသည်။


အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)