ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၃၇၅ စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြိုနယ်၌ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပိဿာချိန် ၃၇၅ စားသုံးသူများလက်ဝယ်အရောက် ရောင်းချပေး


MNP ၊ ဇူလိုင် ၂၅      

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ နေပြည်တော် ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ စားသုံးဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် ယမန်နေ့မွန်းလွဲပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။


အဆိုပါရောင်းချမှုတွင် နေပြည်တော်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စောမာလာနွယ်ဦးဆောင်၍ နေပြည်တော်ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ဇေယျာသီရိမြိုနယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ကျွန်းရောင်းကျေးရွာအုပ်စု လေသာ(မြောက်)ကျေးရွာနှင့် ကျွန်းရောင်းကျေးရွာတို့မှ  ပြည်သူများအား စားသုံးဆီတစ်ပိဿာ ၄၅၀၀ ကျပ်နှုန်းဖြင့် ဆီပိဿာချိန် ၃၇၅ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။


ထွန်းလင်း 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)