MNP ၊ ဇူလိုင် ၂၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြည်သူများ စာပေဖတ်ရှုလိုစိတ်မြင့်မားလာစေရန်နှင့် စာပေဆွေးနွေးတတ်သည့် အလေ့အထများဖော်ဆောင်နိုင်စေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူများပူးပေါင်းကာ ယနေ့နေ့လယ် ၁ နာရီအချိန်က စာဖတ်ဝိုင်းကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ချစ်စုဝေက စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ဒေါ်ဇင်ဇင်အောင်က စာရေးဆရာမ ခင်စောတင့် ရေးသားသော စွန့်စားမှုဆီသို့ခြေတစ် လှမ်း စာအုပ်ဖြင့် ဘဝတွင် တွေ့ကြုံရတတ်သည့် လူ့သဘာဝများ၊ အောင်မြင်မှုများရရှိစေရန် ဆောင်ရွက် သင့်သည့်အချက်များနှင့် စိတ်နှင့်ပတ်သက်သည့် လေ့လာ့ဖွယ်ရာအကြောင်းများနှင့် ပတ်သက်၍ ဖတ်ကြားဆွေးနွေးခဲ့ပါသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက စာအုပ်ပါ အကြောင်းအရာများအပေါ် ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ
https://t.me/MyanmarNationalPost
No comments:
Post a Comment