ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာတွင် အိပ်နေသူအား ဓားဖြင့် ဝင်ခုတ်ရာမှ ဓားလုပြီး ပြန်ခုတ်၍ သေဆုံး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇေယျာသီရိမြို့နယ်၊ ရွှေပေးကျေးရွာတွင် အိပ်နေသူအား ဓားဖြင့် ဝင်ခုတ်ရာမှ ဓားလုပြီး ပြန်ခုတ်၍ သေဆုံး


MNP ၊ ဇူလိုင် ၂၃

ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွှေပေးကျေးရွာတွင် နေအိမ်ခြံဝန်းအတွင်း ဝင်ရောက်၍ ဓားဖြင့် ခုတ်သူထံမှ ဓားကို လုယူပြီး ပြန်ခုတ်ခဲ့ရာမှ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညက ရွှေပေးကျေးရွာနေ ဒေါ်ခင်နှင်းအေး(၄၁)နှစ်သည် နေအိမ်တွင် သမီး မချိုချိုသင်း (၁၃)နှစ်၊ မမွှေးမွှေး (၁၀)နှစ်၊ သားဖြစ်သူ မောင်မင်းခန့်ကိုကို (၅)နှစ်တို့နှင့် အတူအိပ်နေကြစဉ် ခင်ပွန်းဖြစ်သူ ဦးဝင်းကို(၄၃)နှစ် သည် ဓါးရှည်(၁)ချောင်း ကိုင်ဆောင်ကာ အိမ်ဝိုင်းအပြင်သို့ ထွက်သွားသဖြင့် ဒေါ်ခင်နှင်းအေးမှ နေအိမ်သို့ ပြန်ခေါခဲ့ပြီး အိပ်ခိုင်းရာ ဦးဝင်းကိုမှ မအိပ်ဘဲထိုင်နေ၍ ဒေါ်ခင်နှင်းအေးလည်း အိပ်ပျော်သွားခဲ့ကြောင်း၊ယနေ့ နံနက် ၀၂ ၀၀ အချိန်ခန့် ဒေါ်ခင်နှင်းအေးသည် အိပ်ပျော်နေစဉ် တစ်ရွာတည်းနေသူ ကိုဝင်းမင်း နေအိမ်သို့ ရောက်လာပြီး ဒေါ်ခင်နှင်းအေးအားနိုး၍ ဦးဝင်းကိုအား ခင်မောင်လွင်နေအိမ် ဝိုင်းအတွင်း ခေါင်းရင်းတွင် ခင်မောင်လွင်မှ ဓါးနှင့်ခုတ်လို့ သေသွားပြီး လာကြည့်ဦးလို့ ခေါ်သဖြင့် ဒေါ်ခင်နှင်းအေးလည်း အိမ်နီးချင်းဖြစ်သော ခဲအိုတော်သူ ဦးဝင်းစိုး၊ မောင်တော်သူ ကိုအောင်ဇော်ထိုက်၊ ကိုကျော်မင်းကို တို့အားခေါ်သွားပြီး သွားကြည့်ရာ ဦးဝင်းကိုသည် ခင်မောင်လွင်၏ နေအိမ်ဝိုင်းအတွင်း ခေါင်းရင်းတွင် ဂုတ်ပိုးအထက် ဓါးနှင့်ခုတ် ထားသော ဒဏ်ရာဖြင့် ဘေးတစ်စောင်းအနေအထားဖြင့် မြေကြီး ပေါ်တွင် ဒဏ်ရာမှ သွေးများထွက်၍ သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

ဖြစ်စဉ်အား စုံစမ်းရာ ၎င်း၏ခင်ပွန်း ဦးဝင်းကိုသည် ကိုခင်မောင်လွင် နေအိမ်အောက်တွင် အိပ်နေစဉ် ခင်မောင်လွင်၏ ခြံဝိုင်းအတွင်းဝင်သွားပြီး ရန်ငြိုးရန်စမရှိဘဲ ဦးဝင်းကိုမှ အသင့်ယူသွားသော ဓါးရှည်ဖြင့် ခုတ်၍ ကိုခင်မောင်လွင်၏ ယာဘက်ပါးပြတ်ရှ ဒဏ်ရာ(မစိုးရိမ်ရ)ရရှိသွား၍ ဦးဝင်းကို၏ဓါးအား ခင်မောင်လွင်မှ ပြန်လည်လုယူ၍ ၎င်းဓါးဖြင့် ဦးဝင်းကို၏ ဂုတ်ပိုးအထက်အား ပြန်လည်ခုတ်သဖြင့် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

အမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဇေယျာသီရိမြို့နယ်၊ ရေဆင်းနယ်မြေရဲစခန်းတွင် (ပ) ၆၇/၂၀၂၃ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ အမှုကြီးအမှတ်စဉ် ၂/၂၀၂၃ ဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး တရားခံ ခင်မောင်လွင်အား ယနေ့ နံနက် ၀၆ ၄၅ အချိန် ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး တရားခံ ခင်မောင်လွင်၏ ရရှိသော ဒဏ်ရာအား နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံတွင် ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)