တောင်ကုတ်မြို့၌ မြို့နယ်တိုင်းရင်းဆေးကုဌာန မှ အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ မြို့နယ်တိုင်းရင်းဆေးကုဌာန မှ အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်လျက်ရှိ





MNP ၊ ဇူလိုင် ၁၈

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်၌ မြို့နယ်တိုင်းရင်းဆေးကုဌာန မှ မြို့နယ်တိုင်းရင်းဆေးမှူး နှင့်အဖွဲ့သည်ကျောင်းသား၊ကျောင်းသူများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်‌ရေးအတွက် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယနေ့မွန်းလွဲ (၂)နာရီအချိန်က အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း ၊ ပညာရတနာ ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန မှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းမြိုင် က ကျောင်းသား၊ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်နှင့် ကျန်းမာရေးအသိပညာများ ရရှိနိုင်ရန်အတွက် မိုးရာသီတွင်ဖြစ်ပွား တတ်သည့် ဝမ်းလျှော ဝမ်းပျက်ရောဂါများနှင့်သွေးလွန် တုပ်ကွေး ရောဂါ အကြောင်းသိကောင်းစရာများကို အသိပညာပေးဟောပြောပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အခမ်းအနားသို့ အမှတ်(၁)၊အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်စိန် နှင့်Grade-12 ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)