စဉ့်ကူးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့တွင် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ


MNP ၊ ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ ၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ ၃ နာရီခွဲအချိန်က ကျင်းပခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စဉ့်ကူးမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်တင်တင်နု နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်အေးမြမြမိုး တို့က အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အာဇာနည်နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ အာဇာနည်နေ့ အခမ်းအနားများ ကျင်းပရခြင်းအကြောင်းများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ နိုင်ငံတော်အတွက် ကြိုးပမ်းဆောင်ရွက်ချက်များအကြောင်း စသည်တို့ကို ပြည်သူများသိရှိနားလည်ပြီး အားကျအတုယူ၍ နိုင်ငံတော်အကျိုး သယ်ပိုးထမ်းရွက်နိုင်ကြစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်သတိရစေရန် ရည်ရွယ်၍ အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)