ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ




MNP ၊ ဇူလိုင် ၁၈

ကျောင်းနှင့်၀န်းကျင်စိမ်းလန်းစိုပြေရေးနေ့အထိမ်းအမှတ် ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲတော်အား ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်ရှိ အမှတ်(၇) အေခြခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်စိုက်ပွဲတော်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၀င်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်ပညာရေးမှူး၊  ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာများတွင် ကျွန်းပင်၊ စိန်ပန်းပင်၊ ပိတောက်ပင်၊ ယမနေပင်များကို စုပေါင်းပါ၀င်စိုက်ပျိုးခဲ့ကြောင်း သိရသည်။


ထိုသို့ဆောင်ရွက်ရာတွင် အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဆန်းထွန်းနှင့် ကျောင်း အကျိုးတော် ဆောင်များနှင့်တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးကြောင်း သိရသည်။


တင်တင်ချို 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)