MNP ၊ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ သန့်ရှင်းသာယာလှပစေရန်၊ မိုးရာသီကာလ ခြင်ပေါက်ပွားမှုများ လျော့ကျစေရန်နှင့် အများပြည်သူများ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့များမှ မြို့နယ်အတွင်းရှိ လမ်းဘေးဝဲယာတစ်လျှောက်၌ နေ့စဉ်မြက်ဖြတ်ခြင်း၊ သစ်ပင်သစ်ကိုင်း များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ လမ်းဘေးဝဲယာတစ်လျှောက် မြက်ဖြတ်ခြင်း လုပ်ငန်းများ၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း ဆောင်ရွက်လျက်ရှိရာ မြူရုံးလမ်း လမ်းမကြီးဘေးဝဲယာတစ်လျှောက် လမ်းမပေါ်ရောက်ရှိ နေသည့် သစ်ကိုင်းများ၊ မြက်များ၊ ချုံနွယ်ပေါင်းပင်များအား ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြသိန်းတန်ရပ်ကွက် တံတားအဆင်းတွင် ရေဝပ်သည့်နေရာများ၊ မြက်များအား ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ရခြင်းသည် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ လျော့နည်းပပျောက် စေရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးထံမှ သိရ သည်။
ဟိန်းထက်လင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment