MNP ၊ ဇူလိုင် ၁၈
ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် ကညင်တန်းရပ်ကွက်ဈေးအတွင်း ဇူလိုင် ၁၇ ရက်နေ့ ၁၈ နာရီ ၅မိနစ်အချိန် မူးယစ် ဆေးဝါးသယ်ဆောင်လာသူများနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သတင်းအရ ကညင်တန်းရပ်ကွက်ဈေးအတွင်း မသင်္ကာ ဖွယ် မဝင်းရွှေ နှင့် မမိုးမိုးတို့အားတွေ့ရှိ၍ ဝင်းရွှေ၏ ယာဘက်လက်တွင် ကိုင်ဆွဲလာသည့် SHINE စာတမ်းပါ အပြာရောင် လက်ဆွဲအိတ်အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်လျက် အကြည်ရောင် ပလက်စတစ် အိတ်အတွင်း အဝါ ရောင် ဖယောင်းစက္ကူဖြင့် ထုတ်လျက် စပျစ်သီးပုံပါ အနက်ရောင်ပလက်စတစ် ကပ်ခွာအိတ်အတွင်း WY နှင့် R စာတမ်းပါ ရောရာ ပါ ပန်းဆီရောင်ဆေးပြား ၁၉၅ ပြားစီပါ ၅၀ အိတ်ပါ ပါကင်ထုတ်ကြီး ၁ ထုပ် စုစုပေါင်းဆေးပြား ၉၇၅၀ ပြား အလေးချိန် ၀၈.၇၇ ကီလိုခန့် ၎င်းတို့ကိုင်ဆောင်သော ဖုန်းနှစ်လုံး နှင့် စီးနင်းလာသော SUPERANBO CZI အမျိုးအစား ကြက်သွေးရောင် နှင့် အနက်ရောင်စပ်ကြား နံပါတ်မပါ ဆိုင်ကယ်တစ်စီး ၊ ဆိုင်ကယ် TOO BOX အတွင်းမှ ၅၉ယ/၇၄၄၉၄ နံပါတ်ပါ ယာဉ်ဆိုင်ကယ်မှတ်ပုံတင်စာအုပ်တစ်အုပ်တို့အား တွေ့ရှိသိမ်းဆည်းပြီးမူးယစ်ဆေးဝါးများ နှင့်အတူ လက်ဝယ် တွေ့ရှိသူ သရေကုန်းဘောင်းကျေးရွာနေသူများဖြစ်သော မဝင်းရွှေ ၊ အသက် ၃၈ နှစ် (ဘ)ဦးဦးဌေး နှင့် မမိုးမိုး ၊ အသက် ၃၅ နှစ် (ဘ)ဦးထွန်း တို့ နှစ်ဦးအား မောင်တောမြို့မရဲစခန်းတွင် မယ(ပ)၁၅/၂၀၂၃ ၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၁ အရအမှု ဖွင့်လှစ်ပြီးတရားဉပဒေအရ အရေး ယူနိုင်ရေး နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံးဖမ်းဆီးနိုင်ရေး သက်ဆိုင်ရာမှ စီစဉ် ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
ဝေလ
https://t.me/MyanmarNationalPost

No comments:
Post a Comment