ဟားခါး CDFအကြမ်းဖက်စခန်း ပွိင့်-၁၉၂၁တောင်ကုန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ချေမှုန်းသိမ်းပိုက်၊ ချင်းပဒက် (၅)ကင်ရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟားခါး CDFအကြမ်းဖက်စခန်း ပွိင့်-၁၉၂၁တောင်ကုန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ချေမှုန်းသိမ်းပိုက်၊ ချင်းပဒက် (၅)ကင်ရရှိ




MNP ၊ ဇူလိုင် ၁၉

ဟားခါး CDFအကြမ်းဖက်စခန်း ပွိင့်-၁၉၂၁တောင်ကုန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်၁၈ရက် နံနက်၈နာရီခွဲခန့် က သိမ်းပိုက်နိုင်ခဲ့ပြီး ချင်းပဒက် ၅ကောင် ကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တာဝန်သိ ပြည်သူများ၏ သတင်းပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ပြောက်ကျား ချင်းပဒက် ၁ကင်၊ အရပ်ဝတ် ချင်းပဒက် ၄ကင်၊ အမ်၂၂ကျည်အိမ် ၁ခု၊ AKကျည်အိမ်၂ ခု၊ ၇.၆၂မမကျည်(စနိုက်ပါကျည်) ၁၉တောင့်၊ ၇.၆၂မမကျည်(စက်လတ်) ၅၃၀တောင့်၊ AKကျည် ၁၁၉ တောင့်၊ တရုတ်ထုတ် လက်ပစ်ဗုံး ၁လုံး၊ လက်လုပ်လက်ပစ်ဗုံး၃၇ လုံး၊ လက်လုပ်မိုင်း ၃၀လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၄လုံး၊ ဆသရမြောင်း(၂၅၀၀ပေ) ၁ခု၊ ၅ယောက်အိပ်တဲ ၁၂လုံး၊ တစ်ယောက်ပစ်ကျင်း၂၀ ကျင်း၊ လက်လုပ်စိန်ပြောင်းပစ်ကျင်း ၁ကျင်း၊ Baofeng စကားပြောစက် ၁ လုံး၊  မိုင်း(ဖြူးစ်) ၅ခု၊ လက်လုပ်ယမ်းထုပ်(၅ကျပ်သားခန့်)၁၄ထုပ်တို့သိမ်းဆည်းရမိခဲ့ပြီး ချင်းပဒက်စခန်းကို ရှင်းလင်းဖယ်ရှားနိုင်ခဲ့ခြင်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)