စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ ၇၆နှစ်မြောက်အာဇာနည််နေ့အကြိုအထိမ်းအမှတ်နေ့ ပုံပြင်ပြောပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေခရိုင်လူထုအခြေပြုဗဟိုဌာန၌ ၇၆နှစ်မြောက်အာဇာနည််နေ့အကြိုအထိမ်းအမှတ်နေ့ ပုံပြင်ပြောပြိုင်ပွဲကျင်းပ








MNP ၊ ဇူလိုင် ၁၈

   ရခိုင်ပြည်နယ်၊စစ်တွေခရိုင် ပြန်ကြားရေးနှင့်​​​​ ​​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန၊Community Centreခန်းမ၌ ယနေ့နေ့လည် (၂)နာရီချိန်က ၇၆နှစ်မြောက်အာဇာနည်နေ့အကြိုအထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။


  အဆိုပါပြိုင်ပွဲတွင် စစ်တွေမြို့ အမှတ်၁၅၊မူလွန်ပြည်တော်သာကျောင်းမှ ကျောင်းသားကျောင်းသူ၂၅ဦးက မိမိကြိုက်နှစ်သက်ရာခေါင်းစဥ်ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့​ကြရာ ပထမရရှိသည့်ကျောင်းသားအား ရခိုင်ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးတင်ကိုဝင်းကလည်းကောင်း၊ ဒုတိယရရှိသည့်ကျောင်းသားအား စစ်တွေခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ဒေါ်ခင်ယုယုနွယ်ကလည်းကောင်း၊ တတိယဆုရရှိသည့် ကျောင်းသူအားခရိုင်တိုင်းရင်းဆေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး​ဒေါ်နီနီ​​​​အေးကလည်းကောင်း၊ နှစ်သိမ့်ဆု (၁)ရရှိသည့် ကျောင်းသားအား ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခိုင်မြတ်သူကလည်းကောင်း၊နှစ်သိမ့်ဆု(၂)ရရှိသည့် ကျောင်းသားအား ဆရာမဒေါ်ခင်နှင်းဇံမှလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြောင်းနှင့် ယင်းဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ခရိုင်ရုံးဝန်ထမ်းများ၊ ဆရာဆရာမများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူမိဘများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။


 ဇူလိုင်ကြယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)