ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများသက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများသက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်






MNP ၊ ဇူလိုင် ၁၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ရန် ရောက်ရှိနေသောဗိုလ်မှူးချုပ် ကျော်ကျော်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်၈နာရီက ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းနှင့်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


   ထိုသို့ ဆောင်ရွက်ရာတွင် ဗိုလ်မှူးချုပ်ကျော်ကျော်ဦး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဇော်ဟိန်းနှင့်အဖွဲ့ဝင်များ၊သက်ဆိုင်ရာဌာန ဆိုင်ရာများလိုက်ပါလျက် ခအုန်းမော်ကျေးရွာအုပ်စုရှိ ဘိုးဘွား၁၂ဦးအား လူမှုဝန်ထမ်း ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော သက်ကြီးဘိုးဘွား လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ခအုန်းမော်ကျေးရွာအုပ်စု၊ခအုန်းမော်ရွာသစ်ကျေးရွာ ကွင်းအမှတ်(၈၆၀)(ခ)ဦးပိုင်အမှတ်၁၉၂/၁ရှိ ဦးမောင်ကျော်တင်၏လယ်မြေ( ၅ )ဧက တွင် ဆင်းသုခစပါးစိုက်ပျိုး နေမှုနှင့် ထွန်စက်ဖြင့် ထွန်ယက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့သည်။


  ဆက်လက်၍ ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့်တာဝန်ရှိသူများသည် တောထူကျေးရွာအုပ်စု၊တောထူကျေးရွာတောင်သူများနှင့်တွေ့ဆုံကာ စပါးအထူး အထွက်တိုးရေးအတွက် ဆွေးနွေးခဲ့ပြီး တောင်သူဦးမောင်တင်၏ဆင်းသွယ်လတ်စပါးမျိုးစေ့ထုတ်စိုက်ခင်း ပျိုးခင်း၂ဧကအား ကြည့်ရှုခဲ့သည်။


      ထို့နောက် တောထူကျေးရွာအုပ်စုရှိ ဘိုးဘွား၂၂ဦးအား ဘိုးဘွားလူမှုရေးပင်စင် ထောက်ပံ့ငွေပေးအပ်ခဲ့ပြီး တောထူကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌စစ်ကြောင်း(၅)ကြောင်းဖြင့် နိုင်ငံရေး၊အုပ်ချုပ်ရေး၊ဒေသဖွံ့ဖြိုးရေး၊လူမှုရေး၊စည်ရုံးရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)