၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့်မိတ်ဆက်ခြင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ချပြရှင်းလင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့်မိတ်ဆက်ခြင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များအား ချပြရှင်းလင်း



MNP ၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ၂၀၂၃-၂၀၂၄ ခုဘဏ္ဍာရေးနှစ်၊ ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက်ခြင်း လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များ ချပြရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးအောင်ဇေယျက တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအား လုပ်ငန်းစံချိန်စံညွှန်းနှင့် အရည်အသွေး ကောင်းမွန်စွာ ဆောင်ရွက်ကြရန်နှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စေတနာပါစွာဖြင့် ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထျာရယ်က ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။


၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆီဆိုင်မြို့နယ်တွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ စုစုပေါင်း တင်ဒါအောင်မြင်ငွေေ ကျပ်သန်း (၆၇၃.၄၄၆၀)ဖြင့် မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားနှင့်ရေပေးရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


မျိုးမြတ်

https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)