ကျောက်ဖြူမြို့၌ အင်အားသစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ အင်အားသစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကျင်းပ









MNP ၊ ဇူလိုင် ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အင်အားသစ်ငွေစုငွေချေးသမဝါယမအသင်းလီမိတက်၏ (၁-၁၀-၂၀၂၁ ရက်နေ့မှ ၃၁-၃-၂၀၂၂)ထိ မီနီဘတ်ဂျက်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ပြုလုပ်သည့် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အစိုးရရပ်ကွက် အခြေခံပညာ မူလတန်းကျောင်းရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။ 

 

အခမ်းအနားတွင် သဘာပတိဦးအောင်တင်ဖြူမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ဝင်းမှ သမဝါယမအသင်းဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်များ၊ စည်းကမ်းချက်များနှင့် အသင်းသားအင်အား၊ အစုငွေ၊ စုဆောင်းငွေနှင့် စုဆောင်းငွေအပေါ်အတိုးများသတ်မှတ်ထား ရှိခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။ ထို့နောက် အင်အားသစ်ငွေစုငွေချေး သမဝါယမအသင်း ဒုတိယဥက္ကဋ္ဌ ဦးထွန်းသိန်း‌ေမာင် က  (၁-၁၀-၂၀၂၁ ရက်နေ့မှ ၃၁-၃-၂၀၂၂)ထိ မီနီဘတ်ဂျက်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် နှစ်ချုပ်ရှင်းတမ်းများနှင့် ဒါရိုက်တာအဖွဲ့ အစီအရင်ခံစာကို ဖတ်ကြားတင်သွင်းရာ အသင်းသားများမှ ဆွေးနွေးခြင်း၊ အတည်ပြုခြင်းများ ဆောင်ရွက်ကြသည်။ ဆက်လက်၍ အသင်းသားစာရင်းစစ်အဖွဲ့ခေါင်းဆောင် ဒေါ်ခင်ရီမှ အသင်း၏ ငွေကြေးဆိုင်ရာကိစ္စရပ် များနှင့်ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်များအပေါ် အသင်းဝင်များကို ရှင်းလင်းတင်ပြရာ အသင်းသားများက ပြန်လည်၍အကြံပြုဆွေးနွေးခဲ့ကြပြီး အသင်းနှင့်ပတ်သက်သော ရှေ့လုပ်ငန်းစဉ်များ၊ သာရေး၊ နာရေးကိစ္စရပ်များကို ဆုံးဖြတ်အတည်ပြုကြသည်။ ယင်းနောက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် အသင်းဝင်များ၏ သား/သမီးထူးချွန်ဆု အတွက် ဂုဏ်ထူးတစ်ဘာလျှင် သုံးသောင်း ကျပ်နှုန်းဖြင့် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး လစ်လပ်လျက် ရှိသော အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ခြင်း၊ ကတိသစ္စာခံယူခြင်းများအား ဆောင်ရွက် ခဲ့ကြသည်။


အဆိုပါ အင်အားသစ်ငွေစုငွေချေး သမဝါယမအသင်းတွင် အသင်းသား ၂၅၇ ဦးရှိကာ အစုငွေ ၄၃၆၉၀၀၊ စုဆောင်းငွေ ၁၅၇၁၂၆၆၀၀၊ သာမန်ချေးငွေ ၁၈၁၃၆၃၀၀၀ တို့မှာ လည်ပတ်လျက်ရှိပြီး   စုဆောင်းငွေအပေါ်အတိုး ၁၁၉၆၈၆၀၀ ကျပ်အား အသင်းသားများသို့ ထုတ်ပေးလျက်ရှိကြောင်း  သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)