ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြင့်တက်နေ၊ ဧပြီ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၃၀ ဒသမ ၆၄၃ သန်း ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထိုင်းနိုင်ငံမှ စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြင့်တက်နေ၊ ဧပြီ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၅၃၀ ဒသမ ၆၄၃ သန်း ရှိ


MNP ၊ ဇူလိုင် ၁၈

မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ပုစွန်၊ ငါးခွေးလျှာ၊ ငါးကြင်းတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ မန်ကျည်းသီး (အစေ့ပါ)၊ ချင်းခြောက်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့သည်။ ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လိုင်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိသည်။

သွင်းကုန်ပစ္စည်းများ အနေဖြင့် တိရစ္ဆာန်အစာ၊ တိရစ္ဆာန်ဆေးဝါး၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်၊ သစ်သီး၊ ဓာတ်မြေဩဇာ၊ အိမ်သုံးပစ္စည်း၊ တိရစ္ဆာန်အရှင်၊ လူသုံးကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ဆေးဝါး၊ Packing Material၊ အိမ်သုတ်ဆေး၊ ကုန်ကြမ်းပစ္စည်း၊ ယန္တရားစက်ပစ္စည်းများ၊ ငါးဖမ်းပစ္စည်း၊ LPG (ဓာတ်ငွေ့ရည်)နှင့် အလှကုန်ပစ္စည်းတို့ တင်သွင်းခဲ့သည်။

ငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် 88 ဒသမ 11 ကျပ်သာရှိပြီး ယခုအပတ်တွင် ၈၉ ဒသမ ၂၉ ကျပ်ဖြစ်သဖြင့် ဘတ်ဈေး အနည်းငယ်တက်ခဲ့ကြောင်းနှင့် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းကို ရန်ကုန်-ဘားအံ-မြဝတီ ကုန်သွယ်မှုလမ်းကြောင်းအတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီ ၁ ရက်မှ ဇူလိုင် ၁၄ ရက်အထိ) အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆၅ ဒသမ ၀၃၈ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၃၆၅ ဒသမ ၆၀၅ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၃၀ ဒသမ ၆၄၃ သန်း ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)