MNP ၊ ဇူလိုင် ၁၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှု ပပျောက်ရေး အထိမ်းအမှတ် ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က ကမမောင်းမြို့ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် လူကုန်ကူးမှု ပပျောက်ရေး ခေါင်းစဥ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၀)ဦး၊ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၈)ဦး၊ ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၁၃)ဦး၊ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ကျပန်းစကားပြောပြိုင်ပွဲတွင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၁၇၆)ဦးခန့် တတ်ရောက်ခဲ့ပြီး အလယ်တန်းကျောင်းမှ ဆရာမများက အကဲဖြတ်ပေးခဲ့ကြောင်း သိရသည်။
သန့်ဇင်
https://t.me/MyanmarNationalPost




No comments:
Post a Comment