MNP ၊ ဇူလိုင် ၁၉
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ဂွမြို့နယ်တွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် သံဃာတော်အရှင်သူမြတ်(၅)ပါးအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ ဘုရားကန် တော့ ကြပြီး ဆရာတော်များထံမှ ငါးပါးသီလခံယူဆောက်တည် ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော် သံဃာတော် အရှင်သူ မြတ်များက မေတ္တသုတ် အစရှိသော ပရိတ်တရားတော် များ ရွတ်ပွား ချီးမြှင့်တော်မူကြပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ၊သဒ္ဓမမေဓနီ မြို့မကျောင်းတိုက် ဆရာတော်က သံဃာတော်များအား ရည်မှန်းလှူဒါန်းသည့် တရားတော်အကြောင်း ဟောကြားတော်မူခဲ့သည်။
ဆက်လက်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော် နှင့် အဖွဲ့ဝင်များက ဆရာတော် သံဃာ တော် အရှင် သူမြတ်များအား သင်္ကန်းနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစု အတွက် ရေစက် သွန်းချ အမျှပေး ဝေခဲ့ကြ သည်။ ထို့နောက် ဆရာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြ ကြောင်းသိရသည်။
ရွှေရည် ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment