သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ




MNP ၊ ဇူလိုင် ၁၉

သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club, Youth Club တို့ပူးပေါင်းကျင်းပသည့် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါအဆောက်အဦရှိ ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေချစ်မြတ်နိုးသူများအဖွဲ့ ( Book Club ) ဥက္ကဌ ဦးစောလှိုင် က ဆုရွေးချယ်မှုဆိုင်ရာများကိုရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ကဗျာအတွေးအမြင်ရေးသားမှုပြိုင်ပွဲတွင် ပထမ၊ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆု ရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးလှဟန်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရှိရသည်။


ယခုလိုပြိုင်ပွဲများကျင်းပပေးရခြင်းမှာ  ကျောင်းသား၊ ကျောင်းသူလေးများ စာပေတန်ဖိုးကို ချစ်မြတ်နိုးပြီး စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ သိရှိစေရန်၊ စာအုပ်စာပေ ကောင်းများကို လေ့လာရှာမှီးတတ်စေရန်၊အတွေးအခေါ်ရင့်သန်လာစေရန်နှင့် အမှားအမှန် ဝေဖန်ပိုင်းခြား တတ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)