MNP ၊ ဇူလိုင် ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဗဟုသုတ တိုးပွားလာစေရေး အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်ရှိ အ.လ.က(ပန်ကတ်) ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကွင်းဆင်းမှုတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင် လှိုင်ဦးက "စာအုပ်စာပေ လူ့မိတ်ဆွေ" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် သုတနှင့် ရသစာအုပ်စာပေများကို ငှားရမ်းပေးခြင်းများ ဆောင်ရွက်ခဲ့ သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများသည် အ.လ.က (ပန်ကတ်)ရှိ ကျောင်းစာကြည့်တိုက်၏ စာအုပ်ခင်း ကျင်းထားသိုမှု၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ငှားရမ်းမှုစနစ်များနှင့် ပတ်သက်၍ စာကြည့်တိုက်ပညာလက်စွဲစာစောင်နှင့် အညီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေးအတွက် ကျောင်းအုပ် ဆရာမကြီး၊ ကျောင်းစာကြည့်တိုက် တာဝန်ခံဆရာမတို့နှင့် ညှိနှိုင်း ဆွေးနွေးပြီး စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချော
https://t.me/MyanmarNationalPost
No comments:
Post a Comment