မုဒုံမြို့၌ လက်ရက်ကန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့၌ လက်ရက်ကန်းသင်တန်းဆင်းပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်






MNP ၊   ဇူလိုင် ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း (မုဒုံမြို့)တွင် ၂၀၂၃ ပညာသင်နှစ် (ပထမအကြိမ်) လက်ရက်ကန်း (၆)လ သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီခွဲက သင်တန်းကျောင်းခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အသက်မွေးပညာသင်တန်းများ ပို့ချပေးနေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာမှ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ရက်ကန်းပညာသည် အိမ်တွင်းတစ်ပိုင်တစ်နိုင်လုပ်ငန်းတစ်ခုဖြစ်ပြီး မြန်မာလူမျိုး အမျိုးသမီးအများစု၏ အသက်


မွေးဝမ်းကျောင်းအနေဖြင့် သတ်မှတ်ဆောင်ရွက်ကာ မြန်မာ့ရိုးရာလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ရက်ကန်းလုပ်ငန်းများ မိမိတို့ဒေသအတွင်း တိမ်ကောပပျောက်မှုမရှိစေရန် ဖွံ့ဖြိုးတိုးတက်အောင်ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း၊ သင်တန်းကာလအတွင်း လက်ရက်ကန်းဘာသာရပ်၊ အထည်ဒီဇိုင်းဘာသာရပ်၊ အဖြူချွတ်ဆေးဆိုးဘာသာရပ်၊ အထည်သင်္ချာဘာသာရပ်၊ ရိုးရာဂျပ်ခုတ်နှင့် လက်ချည်မျှင်ဆွဲဘာသာရပ်များကို သင်ကြားပေးခဲ့သည့်အတွက် သင်တန်းသူများ များစွာအကျိုးရှိမည်ဖြစ်ကြောင်းနှင့် ရိုးရာရက်ကန်းကဏ္ဍမြှင့်တင်ရေးလုပ်ငန်းကို အမျိုးသားရေးအသိစိတ်ရှိစွာဖြင့် ကျောင်းအုပ်ဆရာမကြီးအပါအဝင် နည်းပြဆရာ/ ဆရာမတို့မှ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။


ထို့နောက် ကျောင်းအုပ်ဆရာမကြီးက  သင်တန်းဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်းတင်ပြခဲ့ပြီး တာဝန်ရှိသူများက သင်တန်းထူးချွန်ဆုများနှင့် သင်တန်းဆင်းလက်မှတ်ကို အသီးသီးချီးမြှင့်ပေး၍ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သင်တန်းသား/ သူများ လက်တွေ့ လုပ်ဆောင်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သားငယ် 

 https://t.me/MyanmarNationalPost





No comments:

Post a Comment